လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၂)ရက်နေ့(၁၂း၁၅)နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကွမ်လှာ ကျေးရွာ၊ တောင်ပိုင်းနေ ဦးမြိုင်၏ နေအိမ်ဘက္ထရီနှင့် အင်ဗာတာထွန်းရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုငွေ (၄၀၀,၀၀၀/-)နှင့် လူဦးရေ(၇)ဦးတို့ အတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၁၄,၇၀၀/-)၊ စုစုပေါင်း(၄၁၄,၇၀၀/-) တို့အားလည်းကောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ်(၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၂)အိမ်ထောင်စာတို့အားလည်းကောင်း (၂၁-၁၂-၂၀၂၂)ရက်နေ့၊  နေ့လည် (၁၃းဝဝ)အချိန်တွင် ပြည်သူ့ လက်ဝယ်အရောက် ထောက်ပံခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR