လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာနှင့် ကျွန်းဖျားကျေးရွာတို့၌ (၂-၈-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁၁)လုံး၊ စုစုပေါင်းအိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၅၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ရန်ပုံငွေ(၁၂၁၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၉၃၀၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၅၁၈၀ဝိ/-) ပြိုကျနေအိမ်မှအိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၆)ပုံး၊ သွားတိုက်တံ(၁၀)ချောင်းနှင့် သွားတိုက်ဆေး(၁၀)ဗူးတို့အား  (၂-၈-၂၀၂၃) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးလိုက်ပါ၍ ဘေးသင့်ပြည်သူများထံ​ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR