လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စုတွင် (၁၃-၃-၂၀၂၃)ရက်နေ့ ဖြစ်ပွားသော မီးလောင်မှုကြောင့် မီးဘေးသင့်လုံးဝပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးနှင့်  လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စုတွင် (၁၃-၃-၂၀၂၃)ရက်နေ့ ဖြစ်ပွားသော မီးလောင်မှု ကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး၊ စုစုပေါင်းလူဦးရေ (၁၄)ဦးအတွက်   ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝ/-)ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၉၄၀ဝ /-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး အိမ်ထောင်စု(၁)စုစာ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၁၄)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု (၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၁)တောင့် အား (၂၄-၃-၂၀၂၃)ရက်နေ့တွင် လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်

Source: DDM

 


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR