လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၃) ရက်နေ့တွင် မိုးသည်းထည်စွာရွာသွန်း၍ ဒုံသမိချောင်းရေ မြှင့်တက်မှုကြောင့် မြေနိမ့်ပိုင်းလူနေအိမ်များသို့ ချောင်းရေများဝင်ရောက်လာ၍ မွန်ပြည်နယ် သထုံခရိုင်၊ သထုံ မြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုတို့မှ ကျား (၂၁)ဦး၊မ (၂၅)ဦး၊ စုစုပေါင်း (၄၆)ဦးတို့သည် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာရှိ ပြောင်း ရွှေ့အိမ်ထောင်စု (၄)စုတို့မှ ကျား (၉)ဦး၊ မ (၇)ဦး၊ စုစုပေါင်းလူဦးရေ (၁၆)ဦးတို့သည် ရန်ကင်းအောင် ဘုန်းကြီးကျောင်း၌လည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၁၆)စု၊ ကျား (၃၀)ဦး၊မ (၃၂)ဦး၊ စုစုပေါင်းလူဦးရေ (၆၂)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၃၀,၂၀၀/)အား (၇-၈-၂၀၂၃)ရက်နေ့၊ (၁၃း၃၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR