လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံသည် ရာသီဥတုအခြေအနေကြောင့် မျှောပါခဲ့ပြီး (၁၅-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ ကိုယ်ရေးအချက်အလက်အချို့ စိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၈)ဦး သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါရှာဖွေတွေ့ရှိသေဆုံးသူ(၁၈)ဦးတို့အတွက်(၁)ဦးလျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၅,၄၀၀,၀၀ဝိ/-)နှင့် ဒဏ်ရာရရှိသူ (၇)ဦးတို့အတွက် (၁)ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၃၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅,၇၅၀,၀၀ဝိ/-)အား (၁၆-၈-၂၀၂၃)ရက်နေ့(၁၇:၃၀)အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အေးမြ သာယာရပ်ကွက်၊ မနကျေးရွာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ၊ မိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR