၂၃-၃-၂၀၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလူငယ်သင်တန်းကျောင်း၌ အောင်မြေသာစံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် အောင်မြေသာစံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ “ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှုး ဦးထက်ဝေဖြိုးမှ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မန္တလေးလူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူမျာနှင့် ဝန်ထမ်းများ၊ ကျောင်းသားများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။







နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR