လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွ ကျေးရွာအုပ်စု၊ ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စုနှင့် ကျွန်းကလေးကျေးရွာအုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ် (၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ (၃၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၃၀,၀၀ဝ/)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၆၀ဝ/ )၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၅,၆၀ဝ/ )၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၄) စုစာ၊ ပစ္စည်းတန်ဖိုး (၁၈၅,၄၅၆)နှင့် ကိုဗစ်တီရှပ် (၄) ထည်တို့အား   (၁၉-၅-၂၀၂၃) ရက်နေ့၊ (၁၀း၃၀)အချိန်တွင် ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

 

Source:DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR