ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌(In Person/Online) ပေါင်းစပ်သည့် Hybrid စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များကInpersonဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများက Online ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသောကလေးသူငယ်များ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ဖို့နှင့်မြှင့်တင်ဆောင်ရွက်ဖို့အတွက်အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကိုဂုဏ်ပြုသည့်အနေ ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ(၂၀) ရက်နေ့ကို World Children’s Day အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင်အဖွဲ့ဝင်အဖြစ်အတည်ပြုပါဝင်ခဲ့ပြီးအထိမ်းအမှတ်အခမ်းအနားကိုကျင်းပခဲ့သည်မှာ (၃၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ဖို့နှင့်မြှင့်တင်ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ INGOs/ NGOs များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRC ပါကလေးသူငယ်အခွင့်အရေးများကို Focal Ministry အနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှာကလေးသူငယ်များအားရောင်းချခြင်း၊ပြည့်တန်ဆာပြုလုပ်ခြင်းနှင့်ညစ်ညမ်းရုပ်ပုံများတားဆီးကာကွယ်ရေးဆိုင်ရာ CRC နောက်ဆက်တွဲစာချုပ် (CRC-OPSC) နှင့်၂၀၁၉ခုနှစ်စက်တင်ဘာလ(၂၇) ရက်နေ့မှာကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်တဲ့လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာနောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC)တွင်အတည်ပြုပါဝင်ခဲ့ပါကြောင်း၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းကလေးသူငယ်များ၊ အရွယ်မတိုင်မီအလုပ်လုပ်နေရသော ကလေးများ၊ရွှေ့ပြောင်းကလေးများ၊ လူကုန်ကူးခံရသောကလေးများ၊ ရင်ခွင်မဲ့ကလေးများ၊လမ်းပေါ်နေကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေးများစသည့်ကလေးသူငယ်အမျိုးအစားအားလုံးအကျုံးဝင်စေရေးအတွက် စီမံချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ကလေးသူငယ်များအပေါ်ကျူးလွန်ခံရသည့် အခွင့်အရေးချိုးဖောက်မှုများ၊ သက်ငယ်မုဒိမ်းမှု၊ကျား/မအခြေပြုအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီးကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများမှလည်းကောင်းဝန်ကြီးဌာနမှဖွင့်လှစ်ထားရှိသော Help Line နံပါတ် ၁၅၆၆ သို့ ယုံကြည်စွာတိုင်ကြားနိုင်ပြီးတိုင်ကြားသူများ၏ သတင်းအချက်အလက်မပေါက်ကြားရေးကိုအထူးအလေးထားလက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်နေ့တွင်စင်ကာပူနိုင်ငံ၌ကျင်းပသည့်အာရှနှင့်သမုဒ္ဒရာဒေသနိုင်ငံများသတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Government Award 2022 အားပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသည့်လူမှုရေးရာသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် Social Management Information System (SMIS)၏ ကဏ္ဍတစ်ခုဖြစ်သောလူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ် (Case Management Information System –CMIS)အားတပ်မတော် (ကြည်း၊ ရေ၊ လေ ) သတင်းအချက် အလက်နည်းပညာဌာနနှင့် ပူးပေါင်းရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ပံ့ပိုးကူညီမှုဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 အားရရှိခဲ့ပါကြောင်း၊ အဆိုပါ CMIS Software Platform သည်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသောဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အတွင်းကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၊ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ရုပ်ပိုင်းဆိုင်ရာနှင့်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုခြင်းခံရသူကလေးသူငယ်များ၊ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးခံရသူကလေးသူငယ်များနှင့်အမျိုးသမီးများ၏ဖြစ်ရပ်များအားလူမှုရေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုများဆောင်ရွက်လျက်ရှိပြီးအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ဖြစ်ရပ်စီမံခန့်ခွဲသူများစနစ်တကျသုံးစွဲနိုင်ရန်ရေးဆွဲထားသော Digital Platform ဖြစ်ပါကြောင်း၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကယခုနှစ်ကမ္ဘာ့ကလေးများနေ့အတွက်ချမှတ်ပေးထားတဲ့ဆောင်ပုဒ်မှာ“Inclusion, For Every Child” “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ကလေးတိုင်းအတွက်ဆောင်ရွက်စို့ဖြစ်ပြီးအားလုံးပါဝင်ဆောင်ရွက်ပေးကြရန်တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ကလေးသူငယ်များသည်နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ဖြစ်တာကြောင့် အခြေခံကျသည့် အသက်ရှင်သန်ခွင့်(Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်(Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation) စတဲ့ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကိုအလေးထားဂရုစိုက်ပြီးကလေးများအတွက်ပိုမိုကောင်းမွန်ပြီးလုံခြုံစိတ်ချရတဲ့အနာဂတ်တစ်ခုဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏မွေးရာပါအခွင့်အရေးမဆုံးရှုံးစေဖို့၊ကလေးသူငယ်အခွင့်အရေးများကိုကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိဖို့နှင့် ကလေးတိုင်းလက်လှမ်းမီတန်းတူညီတူရရှိနိုင်ဖို့အတွက် တာဝန်ရှိသူများမှသက်ဆိုင်ရာကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဗီဒီယိုပြသခြင်း၊နေပြည်တော်ကလေးပြုစုရေးဌာနရှိ ကလေးများနှင့်နေပြည်တော်မူလတန်းကြိုကျောင်းများရှိကလေးများမှတင်ဆက်ကပြခဲ့ပြီး၊သရုပ်ဖော်တင်ဆက်ကပြသူကလေးများအားပြည်ထောင်စုဝန်ကြီးကဆုချီးမြှင့်ခဲ့ပြီးအခမ်းအနားအားနံနက် (၁၁:၂၅)မိနစ်တွင်ရုတ်သိမ်းခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR