(၂၅-၈-၂၀၂၃)ရက်နေ့ (၀၃:၅၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မြိုင်လမ်းတွင် မီးလောင်မှုကြောင့်  နေအိမ်(၂)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၃) ဦး၊ မ(၇)ဦး၊ ပေါင်း(၁၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂၁,၀၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၀)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၂)တောင့်နှင့် တန်းဖိုးငွေ(၁၂၇၆၈၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက(၃၀-၈-၂၀၂၃)ရက်နေ့(၁၃:၀၀)အချိန်တွင် လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source:
  DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR