လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြ သာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ (၁၀၀)ခန့်ရှိ မြေစာပုံသည် (၁၃-၈-၂၀၂၃)ရက်နေ့၌ ရာသီဥတုအခြေ အနေကြောင့် ပြိုကျခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူများမျှောပါခဲ့ပြီး (၁၆-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ သေဆုံးသူ (၃၃)ဦးအနက် ကိုယ်ရေးအချက်အလက်အချို့ ထပ်မံစိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၃)ဦးတို့အတွက်(၁)ဦး လျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့(၁၅:၃၀) အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ အေးမြသာယာရပ်ကွက်၊ မနကျေးရွာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူမိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR