လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ​၀ါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာ အုပ်စု၊ ကမ်းပြိုကျေးရွာအုပ်စုတို့၌ (၂၈-၉-၂၀၂၂)ရက်နေ့၌ ရွှေလောင်းမြစ်ရေတိုက်စား မြစ်ကမ်းပါးပြိုကျ၍ ကမ်းနှင့် ပေ (၂၀) အကွာတွင်ရှိသော လူနေအိမ် (၁၄)လုံး၊ လူဦးရေ (၇၅)တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၅၇,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁,၅၅၇,၅၀၀/-)ကျပ်တို့အား (၂၈-၉-၂၀၂၂)ရက်နေ့၊ (၁၄း၀၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR