လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်မှူး ခင်မောင်လမ်းသွယ်(၃)လမ်း (၂၁-၄-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် (ပျဉ်ခင်း/ကာ/ ယိုင်ကာ၊ ဓနိမိုး) လုံးဝပျက်စီးအိမ်ခြေ (၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀၀/-)ကျပ်၊ RC(၁)ထပ်၊ သွပ်မိုး လုံးဝ ပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂၂)အတွက် ကယ်ဆယ် ရေးပစ္စည်း (၂၂)စုစာ၊ လူဦးရေ (၁၆၁)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၃၃၈၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၂၅၃၈၁၀၀/-)ကျပ်အား (၂၁-၄-၂၀၂၃)ရက်နေ့ ညနေ (၁၇:၀၀)အချိန် တွင်လည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်း {ကျားလုံချည်(၅၀)ထည်၊ မလုံချည် (၆၇)ထည်၊ တီရှပ် (၁၁၇)ထည်၊ စတီးလ်ပန်းကန်ပြား (၁၁၇)ချပ်၊ နှစ်ယောက်အိပ်ခြင်ထောင် (၂၂)လုံး၊ ကလေးကျောင်းဝတ်စုံံ (ကျား၉+မ၁၇)ထည်၊ သွားတိုက်ဆေး/တံ (၂၂)စုံ} အား (၂၃-၄-၂၀၂၃)ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင်လည်းကောင်း  ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR