လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး မှရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ကချင်ကုန်းဒေသမှ ရာအိမ် မှူး၊ဆယ်အိမ်မှူးများ နှင့်ရပ်မိရပ်ဖများသည်၎င်းတို့၏ ရပ်ကွက်နယ်မြေအတွင်း ရေဖြန့်ဝေမှု မရရှိသဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေပါသောကြောင့် ရပ်ကွက်အတွင်းရှိ ဆုံကွယ်ကျေးရွာ၊ အများပိုင် နတ်နန်း၊ရပ်ကွက်ဓမ္မာရုံမြေနေရာတွင် (၄")စက်ရေတွင်း၊ပေ(၄၀၀)ခန့်၊ (၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်ထောက်ပံ့ပေးနိုင်ရေးတင်ပြလာမှုအပေါ် လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၃)ရက် နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာရာအိမ်မှူး၊ ဆယ် အိမ်မှူးများနှင့်ရပ်မိရပ်ဖများထံသို့ (၄")စက်ရေတွင်းပေ (၄၀၀)၊ ဂါလန်(၁၅၀၀)ဆံ့အုတ်ရေကန်နှင့် ရေတင်စက်ရုံတည်ဆောက်နိုင်ရေး အတွက် ငွေကျပ်(၉၅၀၀၀၀၀/-)(ကိုးဆယ့်ငါးသိန်းတိတိ) အား လွှဲပြောင်းထောက်ပံ့ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR