လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် Quick Wing Project အစီအစဥ်အရ ဧရာ၀တီတိုင်း​ဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဥပ​ဒေချုပ်ရုံးမှ တာ၀န်ရှိသူများနှင့်ပူး​ပေါင်း၍ (၂၈.၁၂.၂၀၂၂)ရက်​နေ့တွင် အ​နောက်​တောင်တိုင်းစစ်ဌာနချုပ် (ခ.လ.ရ-၃၈)တပ်၀န်းအတွင်းရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း (အ.ထ.က-၇)မှ ​ကျောင်းသား/သူ(၅၅၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ၊ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ၊ သဘာ၀​ဘေးအန္တရာယ်နှင့်ပတ်သက်​သော အသိပညာဗဟုသုတများ ​ဆောင်ရန်/​ရှောင်ရန်များအား အသိပညာ​ပေး ​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး အသိပညာ​ပေးဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ​ပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR