လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မုဒုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရှင်အရဟံခန်းမ၌  ကလေးသူငယ် အခွင့်အရေးကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေးဟောပြောပွဲကို  (၁၄.၁၂.၂၀၂၂)  ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ လူကုန်ကူးမှုကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်အကြောင်းများကို အသိပညာပေးဟောပြောခဲ့ပြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး၊ ဦးစီးအရာရှိက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပါသည်။ 

    အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊သူများ စုစုပေါင်းအင်အား  (၁၃၅)  ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ မေးခွန်းအမေးအဖြေများကို ကျောင်းသား/သူများအား မေးမြန်းကာ လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များပေးအပ်ခြင်းနှင့် အသိပညာပေး လက်လမ်းစာစောင်များကို ဖြန့်ဝေ၍ အခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR