မော်လမြိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို နို၀င်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

     အစည်းအဝေးတွင် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ယုက  ကလေးသူငယ်များ၏အခွင့်အရေးများကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်စပ်နှီးနွယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများသာမက ပြည်သူလူထုနှင့်ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀င်း၀င်းမာက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဆောက်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

     ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအားလုံး ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးနှင့် အနာဂတ်တွင် နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ကလေးသူငယ်များ အကျိုးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR