မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို (၁၅-၃-၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူးက ကော်မတီဖွဲ့စည်းမှုအခြေအနေ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြို့နယ်အမျိုးသမီးကော်မတီများအတွက် Meeting SOP တို့ကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မော်လမြိုင်ခရိုင်၊ အမျိုးသမီးကော်မတီဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR