မတ်(၂၈) က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အလှူရှင်များက အလှူငွေများ  လာရောက်လှူဒါန်းလျက်ရှိသည်။

   ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ နေထိုင်လျက်ရှိသည့် စေတနာရှင်များက စင်ကာပူဒေါ်လာ(၃၁၅၀) Japan Myanmar Association (JMA) Vice Chairman, Yusuke WATANABE က ငွေကျပ် သိန်း(၁၀၀) Bright Time Logistics Co;ltd က သိန်း(၁၀၀)တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ DMC ရုံး၌ လာရောက်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်းငါးရာ အား  လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR