လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃) ရက်နေ့၊ (၁၆:၂၀) နာရီအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၅)ရွာတို့၌ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ​လူနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ်(၁၈)လုံးနှင့် ဘ/က(၁)ကျောင်းများအတွက် ကျောင်း/ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၉၅)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၉၉၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၄၉၅၀ဝိ/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)ပုံး၊ စက္ကူကတ်ထူပုံး(၆)ပုံးတို့အား(၁၈-၂-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ​ ​ဘေးဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ပြန်ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သွားရောက်ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR