လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးစကားဝိုင်းဆွေးနွေးပွဲကို(၇.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌အခမ်းအနားအစီအစဉ်(၂)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီးပထမပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးစကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကိုကျင်းပဆောင်ရွက်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ပြင်ပပညာရှင်တို့မှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ဆွေးနွေးပြောကြားခဲ့ပါသည်။

အစီအစဉ်အရပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးမှ သုံးသပ်အမှာစကားပြောကြားခဲ့ပြီး(၁၃:၀၀) နာရီအချိန်တွင်  အခမ်းအနားကိုရုပ်သိမ်းခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR