​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရခိုင်ချောင်းတောင်ရပ်ကွက်၊ ရခိုင်ချောင်းမြောက်ရပ်ကွက်၊ ခနောင်းရွာမကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၇)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၄၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၁၁၉၇၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၉၇၀ဝိ/)   အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင်  ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR